ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်ဒေါ်လာပေါ်တွင် ထရမ့်လက်မှတ် ရိုက်နှိပ်ဖော်ပြမည်

March 27, 2026

အမေရိကန်ငွေစက္ကူများပေါ်တွင် သမ္မတဒေါ်နယ်ထရမ့်၏ လက်မှတ်ကို ယခုနှစ်အတွင်း စတင်ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းမှာ အမေရိကန်သမိုင်းတစ်လျှောက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်တွင် ပထမဆုံးအကြိမ် ရိုက်နှိပ်ခြင်း ဖြစ်လာမည် ဖြစ်သည်။

အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် အမေရိကန်ငွေစက္ကူများကို ဒီဇိုင်းအသစ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်သည်။

ယင်းသို့ ထုတ်ဝေရာတွင် နှစ်ပေါင်း ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဘဏ္ဍာရေးမှူး၏ လက်မှတ်ကို အမေရိကန်ငွေစက္ကူပေါ်မှ ချန်လှန်ထားတော့မည် ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးမှူးသည် ဘဏ္ဍာရေးဝန်ကြီးထံ တိုက်ရိုက်အစီရင်ခံရသူဖြစ်ပြီး ငွေစက္ကူနှင့် တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရို၊ ဒင်္ဂါးသွန်းလုပ်ရေးလုပ်ငန်းနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။

သမ္မတထရမ့်နှင့် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်တို့၏ လက်မှတ်များပါဝင်သည့် ပထမဆုံး ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများကို ယခုနှစ် ဇွန်လတွင် စတင်ရိုက်နှိပ်သွားမည် ဖြစ်သည်။