BREAKING
October 28, 2025

ရွှေတစ်ကျပ်သား ၄၃ သိန်းခွဲနီးပါး ဖြစ်လာ (မတ် ၂၇)

March 27, 2024

အခေါက်ရွှေဈေးသည် စံချိန်တင်ဆက်တက်နေပြီး ထားဝယ်ဈေးကွက် အတွင်း တစ်ကျပ်သားလျှင် ၄၃၄၀၀၀၀ (လေးဆယ့်သုံးသိန်း‌လေးသောင်း)ကျပ်  ဈေးဖွင့်ထားသည်။

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ တစ်ကျပ်သားလျှင် ကျပ်ခြောက်သောင်း ဈေးတက်သွားသည်။

ထိုင်းဘတ်ဈေးလည်း ဆက်တက်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၉၆၀ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။