BREAKING
October 20, 2025

တက်ရိပ်ပြနေဆဲဖြစ်သည့် မြိတ်ကုန်စည်ဈေးကွက်

January 27, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ကုန်စည်ဈေးနှုန်းများ တက်ရိပ်ပြနေဆဲဖြစ်သည်။

အခြေခံစားသောက်ကုန်တို့အနက် အဓိက အစားအစာတစ်ခုဖြစ်သည့်ဆန်(အဟောင်း) ဈေးနှုန်းမြင့်တက်နေပြီး ဆန်ကြမ်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ၁၀၆၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ၈၀၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေသည်။

ဆန်ကြမ်းတစ်အိတ်လျှင် ၂၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၅၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၈၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၇၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆‌၈၀၀၀ ကျပ်နှုန်းဖြစ်နေသည်။

ကြက်သွန်ဖြူတစ်ပိဿာလျှင် တစ်ထောင်ကျပ်မြင့်တက်သဖြင့် ၇၀၀၀ ကျပ်နှင့် သားငါးဈေးကွက်တွင် ကြက်သားဈေး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်အထိ မြင့်တက်လာသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းတို့လည်း မြင့်တက်လာနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တိုက်မြင့်တက်လာနေသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံစားနေရဆဲဖြစ်သည်။