BREAKING
November 27, 2025

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး ပျောက်ဆုံးမှု ကိုးရက်ကြာအထိ ရှာမတွေ့သေး

November 26, 2025

ထားဝယ်မြို့ပေါ်တွင် ပျောက်ဆုံးနေသည့်အမျိုးသားတစ်ဦးကို ကိုးရက်ကြာသည်အထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ပျောက်ဆုံးနေသည့်အမျိုးသားမှာ ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ အနောက်လမ်းတွင်နေထိုင်သည့် အသက် ၅၈ နှစ်အရွယ်ရှိ ဦးသန်းဦးဆိုသူဖြစ်ကြောင်း မိသားစုထံမှသိရသည်။

ဦးသန်းဦးသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ပန်းကမ္ဘာ စက်ဘီး အစိမ်း ရောင်ဖြင့် နေအိမ်ကနေ စတင်ပြီးထွက်ခွာသွားရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးကပြောသည်။

“အခုရက်ပိုင်းကျန်းမာရေးတော့ သိပ်မကောင်းဘူး ၊ အခုရက်ပိုင်း တက်တဲ့ လက္ခဏာတွေ ဖြစ်နေတာသတိထားမိတယ်” ဟု ယင်းအမျိုးသမီးကပြောသည်။

ဦးသန်းဦးပျောက်ဆုံးချိန်မှစ၍ ကိုးရက်မြောက် နေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့ ည​ေနအထိ မိသားစုက လိုက်လံရှာဖွေနေသော်လည်း ဦးသန်းဦး၏သတင်းအစအန လုံးဝမရ​ေသာကြောင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ထို့ကြောင့် ဦးသန်းဦးအား တွေရှိရမည်ဆိုပါက မိသားစုဝင်များ၏ဖုန်းနံပါတ်ဖြစ်သော တယ်လီဖုန်းအမှတ် ၀၉၆၇၈၂၇၂၆၇၄၊ ၀၉၄၂၂၂၀၇၈၅၈ဖုန်းများသို့ ဆက်သွယ်အကြောင်းကြားပေးကြရန်လည်းမိသားစုက အကူအညီတောင်းခံထားသည်။