BREAKING
October 26, 2025

လောင်းလုံးမောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်း‌ကျေးရွာအကြား ပစ်ခတ်မှုဖြစ်

October 26, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်းကျေးရွာကြားတွင် ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ နံနက် ၆ နာရီခွဲခန့်က မောင်းမကန်ကျေးရွာနှင့် ပန်းတင်အင်းကျေးရွာကြားရှိ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” လက်နက်ကြီးတွေရောပဲ သေနတ်ငယ်သံတွေကလည်း ညံပါနေတယ်။ အခုထိသေနတ်သံ မစဲသေးဘူး ပစ်ကြတုန်း” ဟု ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အချိန်တွင် ၎င်းဒေသခံ Dawei Watch သို့ ပြောသည်။

စစ်အာဏာရှင်တပ်နှင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဆိုခြင်းကိုမူ မသိရသေးပေ။

ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် အောက်တိုဘာလ ဒုတိယပတ်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွား နေသည့် ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင်လည်း စစ်အာဏာရှင်တပ်မှ နေအိမ်မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။