BREAKING
November 10, 2025

တနင်္သာရီတိုင်းအတွင်း နှစ်ရက်ဆက် မိုးရွာနိုင်ဟုဆို

April 26, 2023

တနင်္သာရီတိုင်းအတွင်းတွင် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ဆက်တိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် နေ့အပူချိန်များ မြင့်တက်နေသည့် (၂၆ ရက်)ယနေ့တွင် ထားဝယ်မြို့၏ အမြင့်ဆုံးနေ့အပူချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒီဂရီဖာရင်ဟိုက်) အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၂၅ ရက် မနေ့ ညနေပိုင်းက ထားဝယ်၊ ရေဖြူ၊ ကလိန်အောင်၊ လောင်းလုံး၊  သရက်ချောင်း၊ မြိတ်စသည့် နေရာတော်တော်များများတွင် မိုးထစ်ချုန်းရွာခဲ့သည်။

မိုးထစ်ချုန်းရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ပါ ဖြစ်ပေါ်ခဲ့သည်။