ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပါလက်စတိုင်းများအား နှိပ်စက်ညှင်းပန်းရန် ကမ္ဘာကြီးက အစ္စရေးကို လိုင်စင်ပေးထားဟု ကုလကျွမ်းကျင်သူဆို

March 26, 2026

ပါလက်စတိုင်းပြည်သူများကို နှိပ်စက်ညှင်းပန်းရန် ကမ္ဘာကြီးက အစ္စရေးအား လိုင်စင်ပေးထားကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတစ်ဦးက မတ်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများရှိ ပြည်သူများ၏ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အဆက်မပြတ် တရစပ် ဆင်းရဲဒုက္ခခံစားနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ ဖရန်ဆက်စကာ အယ်လ်ဘာနီးစ်က နှိပ်စက်ညှင်းပန်းမှုမှာ အစ္စရေး၏ နိုင်ငံတော်မူဝါဒသဖွယ် လက်တွေ့ဖြစ်လာနေကြောင်း ဆိုသည်။

“အစ္စရေးကို လက်တွေ့မှာ ပါလက်စတိုင်းပြည်သူတွေကို ညှင်းပန်းနှိပ်စက်ဖို့ လိုင်စင်ပေးထားတာပဲ။ ဘာကြောင့်လဲဆိုတော့ ရှင်တို့ အစိုးရတွေနဲ့ ဝန်ကြီးတွေက ဒါကို ခွင့်ပြုထားလို့ပဲ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ၎င်း၏‌ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းနေစဉ်အတွင်း သူမက ပြောကြားခဲ့သည်။

အစ္စရေးက ပါလက်စတိုင်းပြည်သူများအား စနစ်တကျ ညှင်းပန်းနှိပ်စက်နေကြောင်း ၊ အစ္စရေး၏ ညှင်းပန်းနှိပ်စက်မှုမှာ ပါလက်စတိုင်းပြည်သူတစ်ရပ်လုံးအပေါ် ကလဲ့စားချေလိုမှုနှင့် ဖျက်ဆီးပစ်လိုသည့် ရည်ရွယ်ချက်ကို ထင်ဟပ်စေကြောင်း အယ်လ်ဘာနီးစ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစ္စရေးအား လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြမှုများကြောင့် အယ်လ်ဘာနီးစ်အား အစ္စရေးနှင့် မဟာမိတ်အချို့က ဂျူးဆန့်ကျင်ရေးဝါဒီအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ကာ ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုလျက် ရှိသည်။

Source: AFP

ဓာတ်ပုံ – World gave Israel ‘licence to torture Palestinians’: UN expert | The Straits Times