BREAKING
October 19, 2025

မြိတ်နည်းပညာတက္ကသိုလ်တွင် သနပ်ခါး လှုပ်ရှားမှု ပြုလုပ်

February 26, 2020

မြိတ်နည်းပညာတက္ကသိုလ်တွင် သနပ်ခါးနှင့် ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုကို ဖေဖော်ဝါရီလ ၁၈ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် သနပ်ခါးမှာ မြန်မာ့ရိုးရာဖြစ်ကြောင်း ရှင်းပြခြင်း၊ သနပ်ခါးလိမ်းခြယ်ကာ ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Environmental Club တည်ထောင်သူ မပြေသွယ်ခင်က ပြောပြသည်။

“မြန်မာ့ရိုးရာသနပ်ခါးကို ယူနက်စကို ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်တပ် တစ်အားအနေနဲ့ဝင်ရောက်အားဖြည့်ပေးတဲ့ သဘောပါ”ဟု သနပ်ခါးလှုပ်ရှားမှု ပြုလုပ်သည့် ရည်ရွယ်ချက်အား မပြေသွယ်ခင်က ပြောသည်။

သနပ်ခါးအစ မြန်မာက၊ သနပ်ခါးဟာ ဘယ်သူ့မူပိုင်လဲ၊ အတူဆင်နွှဲပျော် သနပ်ခါးပွဲတော်နှင့် သနပ်ခါးလိမ်းမလား ကိုကြီးနဲ့တွဲမလား စသည့် စာသားများပါ ပိုစတာများကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုတွင် မြိတ်နည်း ပညာတက္ကသိုလ်မှ ဆရာ/မများနှင့် ကျောင်းသား/ သူတစ်ရာဝန်းကျင်ခန့် ဝင် ရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)