BREAKING
October 25, 2025

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်

October 25, 2025

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ပစ်ခတ်မှုဖြစ် Dawei Watch| အောက်တိုဘာ ၂၅ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွာရေးဇုန်ဧရိယာအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၁၈ ရက်က ရေဖြူဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထိတွေ့ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ဖောက်လုပ်ထားသည့် လမ်းမကြီးပေါ်တွင် ယနေ့ ၂၅ရက် နံနက် ၇နာရီခွဲမှ ၈နာရီဝန်းကျင်အထိ နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းကတော့ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပဲ။ အဲဒီနားတစ်ဝိုက်ပဲ ပတ်သွားနေတာ။ အခုမနက်ပစ်ကြတာ နာရီဝက်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် နဘုလယ်ဒေသက ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ဒေသခံများမှာ အခြေအနေစောင့်ကြည့်ပြီး နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ယနေ့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအခြေအနေ၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု အခြေအနေတို့နှင့် ပတ်သက်၍ ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့ကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွက်ထားသည့် လမ်းမကြီးပိုင်းတွင် စီးပွားရေးဇုန်အနီးရှိ လမ်းပိုင်းကို စစ်ကော်မရှင်က အောက်တိုဘာလ ဒုတိယပတ်မှစ၍ ပြုပြင်နေသည်။ ယင်းသို့ပြုပြင်နေချိန် စစ်အာဏရှင်တပ်သား ၅၀၀ ဝန်းကျင်ကို ထားဝယ်အထူးစီးပွားရေးဇုန်အနီး ကုန်းကြောင်း၊ ရေကြောင်း တပ်ဖြန့်ပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကြောင်းထိုးစဉ် အောက်တိုဘာလ ၁၈ရက်က ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က အဆိုပါကျေးရွာနှစ်ရွာက နေအိမ် ၁၇ဆောင်နှင့် မော်တော်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပုံစာ - ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ လမ်း။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွာရေးဇုန်ဧရိယာအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၈ ရက်က ရေဖြူဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထိတွေ့ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ဖောက်လုပ်ထားသည့် လမ်းမကြီးပေါ်တွင် ယနေ့ ၂၅ရက် နံနက် ၇နာရီခွဲမှ ၈နာရီဝန်းကျင်အထိ နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းကတော့ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပဲ။ အဲဒီနားတစ်ဝိုက်ပဲ ပတ်သွားနေတာ။ အခုမနက်ပစ်ကြတာ နာရီဝက်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် နဘုလယ်ဒေသက ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ဒေသခံများမှာ အခြေအနေစောင့်ကြည့်ပြီး နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအခြေအနေ၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု အခြေအနေတို့နှင့် ပတ်သက်၍ ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့ကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွက်ထားသည့် လမ်းမကြီးပိုင်းတွင် စီးပွားရေးဇုန်အနီးရှိ လမ်းပိုင်းကို စစ်ကော်မရှင်က အောက်တိုဘာလ ဒုတိယပတ်မှစ၍ ပြုပြင်နေသည်။

ယင်းသို့ပြုပြင်နေချိန် စစ်အာဏရှင်တပ်သား ၅၀၀ ဝန်းကျင်ကို ထားဝယ်အထူးစီးပွားရေးဇုန်အနီး ကုန်းကြောင်း၊ ရေကြောင်း တပ်ဖြန့်ပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းထိုးစဉ် အောက်တိုဘာလ ၁၈ရက်က ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က အဆိုပါကျေးရွာနှစ်ရွာက နေအိမ် ၁၇ဆောင်နှင့် မော်တော်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။