BREAKING
November 8, 2025

သရက်ချောင်း မြို့မရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

October 25, 2023

သရက်ချောင်းမြို့မရဲစခန်း ယနေ့နံနက် ၅ နာရီ၊ မိနစ် ၂၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ‌သိရသည်။

“အစပိုင်းမှာ လက်နက်ငယ်ပစ်သံတွေကြားတယ်၊ နောက်တော့ လက်နက်ကြီးပစ်သံတွေကြားတယ်”ဟု မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို မသိရသော်လည်း လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်သဖြင့် သားမိနှစ်ဦး ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့မရပ်ကွက်က အရေးပေါ်ကားအသင်းဝင်တစ်ဦးကလည်း ဒဏ်ရာရသည့် သားအမိနှစ်ဦးကို ထားဝယ်ဆေးရုံကို ပို့ဆောင်နေသည်ဟု အတည်ပြုပြောဆိုသည်။

“ကျွန်တော်က လိုက်မသွားဖြစ်ဘူး၊ လူကြီးတစ်ယောက် ကလေးတစ်ယောက်ဆိုပဲပြောတယ်၊ ကားကတော့ ပြန်မလာသေးဘူး၊ ထားဝယ်ဆေးရုံကိုတက်ပို့နေတယ်” ဟု ၎င်းဆိုသည်။

သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ရန်ရှိသည်ဟု ဆိုသည်။