ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကိုလံဘီယာပါရမီရှင် လူငယ်ကစားသမား ‘အိုရော့ဇ်ကို’ ကို ခေါ်ယူရန် မန်ယူ မူအရသဘောတူညီမှုရရှိ

September 25, 2025

မန်ယူဟာ အသင်းဆီကို ခေါ်ယူစမ်းသပ်ခဲ့တဲ့ ကိုလံဘီယာပါရမီရှင် လူငယ်ကစားသမားလေး ‘အိုရော့ဇ်ကို’ ကို ခေါ်ယူဖို့အတွက် မူးအရ သဘောတူညီမှုရရှိသွားပြီလို့ Yahoo Sports က ဖော်ပြထားပါတယ်။

အသင်းစွမ်းအင်ရင်းမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်ဟာ တောင်အမေရိက ဘောလုံးလောကရဲ့ လူငယ်ပါရမီရှင် အိုရော့ဇ်ကို,ကို အသင်းဆီ ရောက်လာစေဖို့အတွက် စနစ်တကျ အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး မန်ယူရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်ကလည်း အသင်းအတွက် လူငယ်ရင်းမြစ်သစ်တွေ စုစည်းဖို့လိုလားနေကြောင်း Manchester Evening သတင်းဌာနက ရေးသားထားပါတယ်။

အသက် ၁၈ နှစ်အရွယ် အိုရော့ဇ်ကို ဟာ ဗဟိုခံစစ်သာမကဘဲ ကွင်းလယ်ခံစစ်ကိုပါ စနစ်တကျ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ နည်းပြ အေမိုရင်က သူ့ကို အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်ဖို့ ပွဲစဉ်နှစ်ပွဲစာ ခေါ်ယူသွားခဲ့ပေမယ့် ပွဲကစားတာမှာတော့ ထည့်သွင်းအသုံးပြုတာ မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ အိုရော့ဇ်ကို က ပါရာဂွေးကလပ် ဆာရို ပေါ်တီနို ဆီမှာ ကစားသမားဘဝ ဆက်လက်ဖြတ်သန်းနေဦးမှာဖြစ်ပြီး လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်မှ မန်ယူဆီကို ပြောင်းရွှေ့ရောက်ရှိလာဖို့ ရှိနေပါတယ်။

မန်ယူဟာ အိုရော့ဇ်ကို အပြောင်းအရွှေ့အတွက် ဆာရို ပေါ်တီနို ကို ပထမအဆင့်အဖြစ် ပေါင် ၃ သန်း ပေးချေမှာဖြစ်ပြီး ကစားသမားဖြစ်သူရဲ့စွမ်းဆောင်ရည်နဲ့ အသင်းအောင်မြင်မှုတွေအပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၃ ဒသမ ၆ သန်း ဆက်လက်ပေးချေသွားမယ်လို့ Yahoo Sports က ဖော်ပြထားပါတယ်။

အိုရော့ဇ်ကို ဟာ လက်ရှိမှာတော့ ပါရာဂွေး ယူ-၂၀ လက်ရွေးစင်အသင်းရဲ့အမာခံပွဲထွက်ကစားသမားအဖြစ် နေရာရရှိနေပြီဖြစ်ပြီး အလားအလာကောင်းတဲ့ အနာဂတ်မျိုးဆက်သစ်တစ်ယောက်ကို အသင်းအတွက် စုစည်းလိုက်နိုင်လို့ ကျေနပ်အားရမိကြောင်း မန်ယူအသင်းစွမ်းအင်ရင်းမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်က ပြောသွားခဲ့ပါတယ်။