ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထီးခီးလမ်း လျော်ကြေး ဝိရောဓိ

September 25, 2020

ထီးခီးလမ်းဟာ ထားဝယ်အထူးစီးပွားရေး ဇုန် နဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ချိတ်ဆက်ပေးထားတဲ့ လမ်းပါ။ အခု လမ်းကြမ်း အဆင့်ကနေ နှစ်လမ်းသွား အဖြစ် အဆင့်မြှင့်ဖို့ ရှိနေပါတယ်။ အဲဒီအတွက် ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေကို ဖြတ်သန်းဖောက်လုပ်ရမှာပါ။ သီးနှံနဲ့ ဥယျာဉ်ခြံလျော်ကြေး ပမာဏတွေ ထွက်လာပေမဲ့ အစိုးရကတော့ အတည်မဖြစ်သေးဘူး ပြောထားပါတယ်။

ဒေသခံတွေကလည်း အပေါ်ကကျလာတဲ့ လျော်ကြေး ဆိုရင် သိပ်သဘောမတွေ့ကြောင်း ပြောနေကြပါတယ်။ အဲဒီအကြောင်း ရုပ်သံကို Dawei Watch TV တင်ဆက်ထားပါတယ်။