ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ခရိုင်နှစ်ခုတွင် ထိုင်းက စစ်အုပ်ချုပ်ရေးကြေညာ

July 25, 2025

ပုံစာ - စူရင်းခရိုင်မှတစ်ဆင့် ကမ္ဘောဒီးယားဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေပုံ။ ဓာတ်ပုံ – REUTERS

နှစ်နိုင်ငံကြား ပစ်ခတ်မှုမရှိသေးသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ခရိုင်နှစ်ခုရှိ ဒေသခအချို့ကို ထိုင်းနယ်စပ်ကာကွယ် ကွပ်ကွဲရေးဌာနက စစ်အုပ်ချုပ်ရေးအမိန့်ကို ယနေ့ ဇူလိုင်လ ၂၅ရက် ညနေပိုင်းတွင် ကြေညာလိုက်သည်။

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်သော ဒေသများမှာ ချန်ထဘူရီခရိုင်ရှိ နေရာ ခုနစ်ခုနှင့် တရတ်ဒေသရှိ နေရာ တစ်နေရာတို့ဖြစ်ပြီး ချက်ချင်း အသက်ဝင်မည်ဖြစ်သည်။

ယင်းခရိုင်များသည် ထိုင်းနိုင်ငံအရှေ့ပိုင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ရှိနေသော ခရိုင်များဖြစ်သည်။

ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံအတွင်းသို့ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်လာပြီးနောက် ထိုင်းအချုပ်အခြာအာဏာနှင့် နယ်နိမိတ်ကို ထိန်းသိမ်းကာကွယ်ရန် နယ်စပ်ဒေသရှိ နေရာအချို့ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ကြောင်း‌ တရတ်နှင့် ချန်ထဘူရီနယ်စပ်ကာကွယ်ရေးဌာနများက ထုတ်ပြန်သည်။

တရတ်နှင့် ချန်ထဘူရီခရိုင်များသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တည်ရှိသော်လည်း လက်ရှိတွင် နှစ်နိုင်ငံ ပစ်ခတ်မှုများ မရှိနေသော ခရိုင်များဖြစ်သည်။

ယင်းခရိုင်များရှိ ထိုင်းပြည်သူများ၏ အသက်နှင့် အိုးအိမ်များ၏ လုံခြုံရေးကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်အုပ်ချုပ်‌ရေး ကြေညာလိုက်ခြင်းဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။