BREAKING
October 30, 2025

အသက် ၁၈ နှစ်အရွယ် အိန္ဒိယအမျိုးသမီး ဒီဗ်ယာ ဒက်ရှ်မွတ် စစ်တုရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်သွားပြီ

July 25, 2025

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ အိန္ဒိယအမျိုးသမီးငယ်လေး ဒီဗ်ယာ ဒက်ရှ်မွတ် ဟာ FIDE အမျိုးသမီး စစ်တုရင်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားပြီဖြစ်ကြောင်း ESPN က ဖော်ပြထားပါတယ်။

ဂျော်ဂျီယာနိုင်ငံမှာ ကျင်းပနေတဲ့ FIDE အမျိုးသမီး စစ်တုရင်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီဗ်ယာ က ကမ္ဘာ့ချန်ပီယံဟောင်း မာရီယာ မူဇီချပ်ခ် ကို ဖိအားကင်းကင်းနဲ့ ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်အသားပေးတဲ့ကစားဟန်နဲ့ မဟာဗျူဟာမြောက် ကစားပြကာ စိတ်လှုပ်ရှားဖွယ် အနိုင်ယူပြခဲ့ပါတယ်။

ဒီဗ်ယာဟာ ဒီနေ့(ဇူလိုင်လ ၂၅ ရက်)မှာတော့ ဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။ ဒီဗ်ယာရဲ့ ကြိုးစားအားထုတ်မှုက လူငယ်ကစားသမားမျိုးဆက်သစ်တစ်ခုလုံးကို စိတ်ဓာတ်တက်ကြွစေပြီး အိန္ဒိယစစ်တုရင်အတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့တယ်လို့ အိန္ဒိယစစ်တုရင်အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source – ESPN