BREAKING
May 25, 2025

မိုးဒဏ်၊ လေဒဏ်၊ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ဒဏ် ခါးစည်းခံကြရမယ့် စစ်ရှောင်တွေ

May 25, 2025

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၇ သောင်းခွဲအထိ ရှိလာပါပြီ စစ်ဘေးရှောင်အများစုက ထားဝယ်နဲ့ မြိတ်ခရိုင်မှာ ရှိနေပြီး နီးစပ်ရာ ဥယျာဉ်ခြံ၊ တောတောင်တွေမှာ ယာယီတဲထိုးပြီးနေထိုင်ရသလို စစ်ဘေးလွတ်တဲ့ အခြားရွာတွေမှာ ရှောင်တိမ်းနေကြတာပါ။

အခုလို မိုးလေပြင်းထန်တဲ့ကာလမှာ စစ်ဘေးရှောင်တွေအတွက် အခက်အခဲများစွာ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေမှာ အခက်အခဲ၊အကျပ်အတည်း များစွာနဲ့ရင်ဆိုင်နေကြရပါတယ်။