Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ဆက်တိုက်ပစ်တဲ့ အခြေအနေ
- မွန်ပြည်နယ်ရဲ့ စက်သုံးဆီပြင်ပစျေးကွက်မှာ တစ်လီတာကို ကျပ်နှစ်သောင်းအထိ ပေးဝယ်ရတဲ့ သတင်း
- ထားဝယ်မြို့မှာ စုံမ စနစ်နဲ့ မနက်ဖြန်ကစပြီးအရေးယူမယ်လို့ စစ်ကော်မရှင်ကြေညာတဲ့ အကြောင်း
- မွန်မှာ စက်သုံးဆီတရားမဝင်ရောင်းလို့ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ဆိုင်မန်နေဂျာတွေကိုဖမ်းတဲ့သတင်း
- စနေနေ့ည ၈ နာရီခွဲမှာ တစ်နာရီကြာ လျှပ်စစ်မီးပိတ်ပြီး Earth Hour မှာ ပါဝင်ကြဖို့ ထိုင်းအစိုးရ တိုက်တွန်းထားတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






