BREAKING
December 3, 2025

မလေးရှားတွင် ၂၀၂၆ မှစ၍ ကလေးသူငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှု ပိတ်ပင်မည်

November 24, 2025

မလေးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်မှစ၍ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ပိတ်ပင်ရန် စီစဉ်နေကြောင်း သိရသည်။

ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုခွင့် ကန့်သတ်ရန် ရွေးချယ်သည့် နိုင်ငံအရေအတွက် တိုးပွားလာနေသည့်အထဲတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခြင်းဖြစ်သည်။

ဆိုက်ဘာအနိုင်ကျင့်မှု၊ ငွေကြေးလိမ်လည်မှုနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အစရှိသည့် အွန်လိုင်းဘေးအန္တရာယ်များမှ ကလေးသူငယ်များကို ကာကွယ်ရန် လိုအပ်ကြောင်း မလေးရှားအစိုးရ ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောသည်။

ယင်းအတွက် သြစတြေးလျနှင့် အခြားနိုင်ငံများတွင် ဆိုရှယ်မီဒီယာအသုံးပြုမှုအတွက် အသက်ကန့်သတ်ချက်များ သတ်မှတ်သည့် နည်းလမ်းများကို မလေးရှားအစိုးရက လေ့လာနေကြောင်း ၎င်းက ပြောသည်။

“လာမယ့်နှစ်မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ အသက် ၁၆ နှစ်အောက် အသုံးပြုသူတွေရဲ့ အကောင့်တွေကို ပိတ်ပင်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

Source: Reuters