ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ နှစ်ဦးဒဏ်ရာရတဲ့သတင်း
- ထားဝယ်မှာ စစ်အာဏာရှင်တပ် လက်နက်ခဲယမ်းပို့စစ်ကြောင်းကို ဒူရကစစ်ကြောင်းတိုက်ခိုက်တဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ကိုသွားတဲ့လမ်းရှိ ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေတဲ့ အခြေအနေ
- ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ ညဘက်ပြန်ကျင်းပမယ့်သတင်း
- ထားဝယ်မြို့မှာ ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံးသွားတဲ့ အကြောင်း
- လေကြောင်းတိုက်ခိုက်မယ်လို့ သတင်းထွက်လို့ တနင်္သာရီက ဒေသခံတချို့ ထွက်ပြေးတိမ်ရှောင်နေရတဲ့ အခြေအနေ
- ပုလောပကဖရဲ့ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့က ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ပူးပေါင်းတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “လေကြောင်းအားပြုလာတဲ့ စစ်အာဏာရှင်ကြောင့် စစ်ဘေးရှောင် ရှစ်သောင်းကျော်လာတဲ့ တနင်္သာရီ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။





