BREAKING
October 20, 2025

ကမ္ဘောဒီးယားစခန်းနှစ်ခုကို ထိုင်းက F-16 တိုက်လေယာဉ်ဖြင့် တိုက်ခိုက်

July 24, 2025

ပုံစာ - ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်ကို တွေ့ရစဉ်။

နှစ်နိုင်ငံပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံတွင် အရပ်သားအချို့ သေဆုံးပြီးနောက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက် စခန်းနှစ်ခုအား တိုက်ခိုက်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ကမ္ဘောဒီးယား ခြေမြန်တပ်ရင်း အမှတ် ၈ နှင် ၉ ၏ စစ်စခန်းများကို ထိုင်း F-16 တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး ပျက်စီးမှုများရှိကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

နယ်စပ်တစ်လျှောက်ကိုလည်း ထိုင်းလေတပ်က နောက်ထပ် F-16 တိုက်လေယာဉ် ခြောက်စင်းအထိ တပ်ဖြန့်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ကမ္ဘောဒီးယားဘက်က ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် နယ်စပ် စူရင်းခရိုင် ဖနုံဒွန်ရက်ဆေးရုံက လူနာအားလုံးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပြီး ကတ်ချိုဝမ်ဆေးရုံတွင်လည်း လူနာများကို ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း‌ ဖော်ပြသည်။

ကမ္ဘောဒီးယားဘက်က ပစ်လိုက်သော ရော့ကတ်ဒုံးကျည်က ဖနုံဒွန်ရက်ဆေးရုံကိုလည်း ထိမှန်ခဲ့ပြီး လူနာအားလုံးကို ရွှေ့ပြောင်းပြီးချိန်ဖြစ်သဖြင့် ထိခိုက်သေဆုံးမှု မရှိကြောင်း ဖော်ပြသည်။

ထိုင်းကျန်းမာရေးဌာနကလည်း အရေးပေါ်ဆေးကုသရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား စစ်ရေးအရှိန် မြင့်လာနေသလို နှစ်နိုင်ငံပစ်ခတ်မှုကြောင့် နယ်စပ်နေ ပြည်သူများကို ဘေးလွတ်ရာ နေထိုင်ရန်၊ ကတုတ်ကျင်းများသို့ ရွှေ့ပြောင်းကြရန် ထိုင်းအစိုးရက အသိပေးထားသည်။

Ref: Khaosod English, The Nation Thailand