BREAKING
October 20, 2025

မြိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

June 24, 2025

မြိတ်မြို့တွင် ယနေ့ ဇွန်လ ၂၄ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများနှင့် နာရေးကူညီမှု အသင်းထံမှ သိရသည်။

သေဆုံးသူသည် ကလွင်ရပ်ကွက်၊ ရေပုန်းကျားတွင်းလမ်းတွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း နာရေးအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ပါရမီနာရေးကူညီမှုအသင်း ဝင်တစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားသည် နေအိမ်တွင်ပင် ဆွဲကြိုးချသေဆုံးခဲ့ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သည်ကို သေသေချာချာ မသိရကြောင်း မြို့ခံအချို့က ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးရန် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံသို့ ပါရမီနာရေးကူညီမှု အသင်းက ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှသိရသည်။

ဇွန်လ ၉ ရက်က မြိတ်မြို့ရှိ တံတားတစ်ခုအောက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့ပြီး ဇွန်လ ၁၄ရက်တွင်လည်း ကော့သောင်းမြို့ တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်။