ရော့ထန်နဲ့ တာကေးရု တို့ဟာ ဒီနေ့ပဲ စိန်ခေါ်စကားတွေ အပြန်အလှန်ပြောခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ရောက်ရင် ဂျပန်နိုင်ငံမှာ ONE 173 ပြိုင်ပွဲကြီးကို ONE Championship က ကျင်းပတော့မှာပါ။
ဒီပြိုင်ပွဲကြီးမှာ ရုရုနဲ့ မာလီခင် တို့ကို စိတ်မကျေပွဲ တည်ပေးထားပြီး စူပါဘွန်းနဲ့ နွိုင်ရီ တို့ရဲ့ ပေါင်းစည်းခါးပတ်လုပွဲကြီးလို့ ပါဝင်နေပါပြီ။ ဒါဟာ သိပ်ကိုလှပတဲ့အခင်းအကျင်းပါပဲ။
နောက်ထပ်ပွဲစဉ်တွေကို ONE ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ONE ဘက်က ဂျပန်မှာကျင်းပမယ့်ပြိုင်ပွဲကို ဂျပန်ပရိသ၊တ်တွေ စိတ်ဝင်စားမှုမြင့်တက်အောင် ဂျပန်ဖိုက်တာတွေ အတော်များများ ထည့်သွင်းပြီး ပွဲဆိုင်းတွေ စီစဉ်မယ့်သဘောရှိနေပါတယ်။
ရော့ထန်နဲ့ တာကေးရု တို့ကို စိတ်မကျေပွဲ ပြန်တည်ပေးရင် ကောင်းမယ်လို့ ပရိသ၊တ်တွေက တောင်းဆိုနေချိန်မှာပဲ ရော့ထန်နဲ့ တာကေးရုတို့ကိုယ်တိုင်က စိန်ခေါ်ရင် အသင့်ပဲ၊ ဘယ်စည်းမျဉ်း၊ ဘယ်လိုပုံစံ၊ ဘယ်ခေါင်းစဉ်အောက်မှာ ထိုးမယ်ဆိုတာသာ ပြောလိုက်၊ ထိုးဖို့ အသင့်ပဲလို့ အပြန်အလှန် ထုတ်ပြောလာခဲ့ကြတာဖြစ်ပါတယ်။
နှစ်ယောက်လုံးက အခုလိုပြောလိုက်တဲ့အတွက် ONE ကသာ စီစဉ်ပေးမယ်ဆိုရင် စိတ်မကျေပွဲ ပြန်ဖြစ်လာမယ့်လမ်းကြောင်းကတော့ ရှင်းရှင်းလင်းလင်းကို ထွက်ပေါ်လို့နေပါပြီ။
ရော့ထန်နဲ့ တာကေးရုတို့ဟာ မတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ ONE 172 ပြိုင်ပွဲကြီးမှာ ခေါင်ပွဲတွဲဆိုင်းအဖြစ် ထိုးခဲ့ကြတာပါ။ အဲ့ဒီပွဲစဉ်မှာ ရော့ထန်က တာကေးရုကို စက္ကန့် ၈၀ အတွင်း အလဲထိုးပြီး အနိုင်ယူပြခဲ့ပါတယ်။
တကယ်လို့ ရော့ထန်နဲ့ တာကေးရုတို့သာ ONE 173 ခေါင်းစဉ်အောက်က စိတ်မကျေပွဲတစ်ပွဲဖြစ်လာခဲ့ရင် တကယ့်ကို စိတ်ဝင်စားစရာပါပဲ။
Source – ONE Championship







