ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းသည် မန်ယူနည်းပြဟောင်း အီရစ်ခ်တန်ဟတ်ဂ် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရယူလိုက်ပြီဖြစ်ကြောင်း Yahoo Sports က ဖော်ပြထားသည်။
နာမည်ကြီး အေးဂျင့် ဖာဘရီဇီယို ရိုမာနို ကလည်း လေဗာကူဆင်နည်းပြသစ်အဖြစ် အီရစ်ခ် တန်ဟတ်ဂ်က ၂ နှစ်သက်တမ်းစာချုပ်ဖြင့် တာဝန်ထမ်းဆောင်တော့မည့်အကြောင်းကို သတင်းရေးသား အတည်ပြုထားပြီဖြစ်ပြီး လေဗာကူဆင်မှာ ကိုမိုနည်းပြ ဖာဘရီဂတ်စ်ကို ခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ပြီးသည့်နောက် အီရစ်ခ် တန်ဟတ်ဂ် ဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။
လေဗာကူဆင်အသင်းသည် နည်းပြ အလွန်ဆို ကို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် လက်လွှတ်လိုက်ရအပြီးတွင် အသင်းနည်းပြသစ် ခန့်အပ်ရန် အပူတပြင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ မကြာမီကျင်းပတော့မည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နည်းပြ အလွန်ဆို၏ဦးဆောင်မှုဖြင့် ပြိုင်ပွဲဝင်ရန် သေချာနေပြီဖြစ်သည်။
လေဗာကူဆင်နှင့် နည်းပြ အီရစ်ခ် တန်ဟတ်ဂ်တို့အကြားတွင် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး များမကြာမီကာလအတွင်း လေဗာကူဆင်အသင်းမှာ အီရစ်ခ် တန်ဟတ်ဂ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းသတင်းကို အတည်ပြုချက် ထုတ်ပြန်ဖွယ်ရှိနေသည်။
Source – Yahoo Sports