ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မန္တလေး Sky Villa ကွန်ဒိုတွင် ရုပ်အလောင်း လေးလောင်းထပ်တွေ့

April 24, 2025

ပုံစာ - Sky Villa ကွန်ဒို C အဆောင်နှင့် D အဆောင်တို့တွင် ဖယ်ရှားရှင်းလင်းခြင်း၊ ရုပ်အလောင်းထုတ်ယူခြင်းများ ယနေ့ ဧပြီလ ၂၄ရက်တွင် လုပ်ဆောင် နေစဉ်။

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Sky Villa ကွန်ဒို၌ ယနေ့ ဧပြီလ ၂၄ ရက်တွင် ရုပ်အလောင်း လေးလောင်း ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Sky Villa ကွန်ဒို C အဆောင်နှင့် D အဆောင်တို့တွင် ဖယ်ရှားရှင်းလင်းခြင်း၊ ရုပ်အလောင်းထုတ်ယူခြင်းများ လုပ်ဆောင် နေစဉ် ယနေ့ နံနက်တွင် အမျိုးသားနှစ်ဦးနှင့် ကလေး (ယောင်္ကျားလေး) နှစ်ဦးတို့၏ ရုပ်အလောင်းတို့ကို တွေ့ရှိကြောင်း ဖော်ပြသည်။

Sky Villa ကွန်ဒို ပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်စဉ် ရုပ်အလောင်း တစ်ရာကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၅၀ ဝန်းကျင်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မန္တလေးရှိ ငလျင်ကြောင့် ပြိုကျသွားသည့် ထပ်မြင့်အဆောက်အအုံများ၊ ဟိုတယ်များ စသည်တို့တွင် ဖယ်ရှားရှင်းလင်းရေးနှင့် ရုပ်အလောင်းထုတ်ယူခြင်းမှာ လုပ်ဆောင်နေဆဲဖြစ်သည်။