စစ်အုပ်စုက အသွင်ပြောင်းဖွဲ့စည်းမည့် အတုအယောင်အစိုးရအဖွဲ့အား လက်မခံကြောင်း ထားဝယ်ခရိုင်အတွင်း မတ်လ ၂၃ ရက်ညက ဆန္ဒဖော်ထုတ်ကြသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အဆိုပါ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။
‘စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့… အလိုမရှိ’ ဆိုသည့် ခေါင်းစဥ်ဖြင့် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည် ။
အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းမည့် အတုအယောင်အစိုးရကို ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဆန့်ကျင်အန်တုကြရန် DDMSC က တိုက်တွန်းထားသည် ။
စစ်အုပ်စု အနေဖြင့် ပြီးခဲ့သည််နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကို အပိုင်းသုံးပိုင်း ခွဲကာ နေရာကွက်ကျားကျင်းပခဲ့သည် ။
ယင်းနောက် ယခု မတ်လတွင် ယင်းစစ်အုပ်စု ရွေးကောက်ပွဲ မှ ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော်များကို စတင်ကျင်းပခဲ့သည်။
စစ်အုပ်စုက အသွင်းပြောင်းမည့် အစိုးရကိုမူ ဧပြီလဆန်းတွင် ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည် ။














