Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်တပ် လေယာဉ်နဲ့ဗုံးကြဲလို့ သရက်ချောင်းက အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရတဲ့အကြောင်း
- လောင်းလုံးမှာ အသက်မပြည့်သေးတဲ့ ပြည်သူ့စစ်တစ်ဦးကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးထားတာ
- ရိတ်ထားပြီးသား စပါးတွေကို စစ်အာဏာရှင်တပ်က မီးရှို့လို့ ပလမြို့က စစ်ဘေးရှောင်တွေ ရိက္ခာ အခက်ခဲကြုံနေရတဲ့ အခြေအနေ
- အယုဒ္ဓယမှာ မြန်မာအချို့နဲ့ ထိုင်းတစ်ဦး ခိုက်ရန် ဖြစ်ပွားခဲ့တဲ့အကြောင်း
- တရားမဝင် ဝင်လာတဲ့သူတွေကို ခေါ်ဆောင်လာတဲ့ မြန်မာကားသမား ဘန်ကောက်အနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






