BREAKING
October 20, 2025

ဆန် အတက်ဈေးဖြင့်ငြိမ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

February 24, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဇန်နဝါရီလကုန်ပိုင်းကပင် ဆက်တိုက်တက်နေသည့် ဆန်ဈေးနှုန်းမှာ ယခုသီတင်းပတ်တွင် အတက်ဈေးဖြင့် တည်ငြိမ်နေသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၅၄,၅၀၀ ကျပ်ဈေးရှိရာမှ ဖေဖော်ဝါရီ ပထမပတ်တွင် ၆၀၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ ယင်းနောက် ၆၄,၅၀၀ ကျပ်၊ ၇၀,၀၀၀ ကျပ်အထိ ဈေးတက်လာခဲ့သည်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ဆန်ကြမ်းတစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် လက်ရှိအချိန်အထိ အတက်အကျမရှိဘဲ ငြိမ်နေခြင်းဖြစ်သည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၆၈,၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၅,၀၀၀ ကျပ်သို့ ကျဆင်းလာသည်။

စားအုန်းဆီပုံးဝါ ဈေးကျဆင်းလာသော်လည်း ဈေးကွက်တွင် ပစ္စည်းပြတ်လပ်နေသဖြင့် ပုံးဝါအစား သံပုံးတို့အား အသုံးပြုနေကြရသည်။

ယင်းသံပုံး‌တစ်ပုံးဈေးနှုန်းနှင့် ပုံးဝါဈေးနှုန်းတို့ တစ်‌ထောင်ကျပ်မှ နှစ်ထောင်ကျပ်အထိ ကွာဟလေ့ရှိသည်။

ထို့အပြင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ကျဆင်းလာသည်။

ကုန်စည်ဈေးကွက်တွင် စားသောက်ကုန်အများစုဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။