ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• ထားဝယ်ရှိ ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲလာလို့ လုပ်ငန်းရှင်တွေအခက်တွေ့
• ထားဝယ်မှာ လူငယ်တွေကို စစ်မှုထမ်းအတွက် ဆက်တိုက်လိုက်ဖမ်းနေ
• လောင်းလုံးမှာ ရွေးကောက်ပွဲနီးချိန် ကမြောကင်းတံတားဂိတ် အစစ်အဆေးပြန်တင်းကျပ်
• လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်
• မြိတ်ကျွန်းစုကတင်သွင်းတဲ့ ဒီရေတောမီးသွေး ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ ပြတ်လပ်ပြီးဝယ်မရ
• တနင်္သာရီမှာ စစ်အာဏာရှင်တပ်လှည့်ကင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
• ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်
• ပြည်ထောင်စုလမ်းပေါ်ရှိ ကလိန်အောင်မြို့အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ထားဝယ်မြို့ပေါ် ပျော်ရွှင်ပွဲတွေရဲ့ နောက်ကွယ်က စစ်အုပ်စုရဲ့ အကြံ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






