BREAKING
May 12, 2025

မြိတ်တွင် အခြေခံစားသောက်ကုန်အချို့ ဈေးကျ

December 23, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားသောက်ကုန်အချို့ ဈေးကျဆင်းလာခဲ့သည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ငရုတ်သီးခြောက်အပု ( ရွှေအပ်) တစ်ပိဿာလျှင် ယခင်အပတ်ထက် ၃၀၀၀ ကျပ် ကျဆင်းလာသည်။

ထို့ပြင် ကြက်သွန်နီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ဈေးထိုးကျသဖြင့် ၃၂၀၀ ကျပ်သာ ကျန်ရှိခဲ့ပြီး ကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၀၀ ကျပ် မြင့်တက်ခဲ့သည်။

အသုံးများသည့် ဆန်ဈေးနှုန်းမှာမူ ပြောင်းလဲမှုမရှိခဲ့ပေ။

ရေထွက်ကုန်တို့အနက် ပုဇွန်ဈေးနှုန်းအချို့ အနည်းငယ်မြင့်တက်ခဲ့ပြီး အခြား ကြက်၊ ဝက်၊ သားငါးဈေးနှုန်းတို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

ထို့ပြင် အားလူးဈေး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။