Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးစစ်ရှောင်ဆယ်ချီ အဖမ်းခံထားရ တဲ့သတင်း
- မြိတ်-ထားဝယ်ကားလမ်းပေါ်က လဘရွာမှာတိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်က နေအိမ်တွေကိုမီးရှို့တဲ့အခြေအနေ
- စစ်အာဏာရှင်တပ်ပစ်တဲ့လက်နက်ကြီးကြောင့် တနင်္သာရီမြို့နယ် ဖာနီရွာက ကလေးနှစ်ဦးအပါအဝင် ဒေသခံခုနစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃၀ ကျော် အဖမ်းခံရတဲ့သတင်း
- မြန်မာမှာရှိတဲ့ Starlink ၂၅၀၀ ကျော်ကို အီလွန်မတ်ရဲ့ SpaceX ကုမ္ပဏီက ဖြတ်တောက် လိုက်တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။