BREAKING
June 15, 2025

အတက်ကြမ်းခဲ့သည့် ကုန်စျေးနှုန်း အနည်းငယ်ပြန်ဆင်း

September 23, 2022

ဆက်တိုက်အတက်ကြမ်းခဲ့သည့် အခြေခံစားသောက် ကုန်စျေးနှုန်းများမှာ ယခုအပတ်တွင် အနည်းငယ်ပြန်လည် ကျဆင်းလာခဲ့သည်။

နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည့် ဆန်ကြမ်းတစ်အိတ်လျှင် ငါးရာကျပ်နှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်သောင်းငါးထောင်ကျော်အထိ ဈေးကျလာခဲ့သည်။

ထို့ပြင် စားအုန်းဆီ(ပုံးဝါ)သည် ၉၃၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး ဒေသထွက် ပုဇွန်ခြောက်ဈေးနှုန်းအနည်းငယ်ပြောင်းလဲခဲ့သည်။

သားငါးဈေးကွက်တွင် ဝက်သားဈေး တစ်ထောင်ကျပ်တက်ခဲ့ပြီး ကြက်သွန်ဖြူ/နီ ဈေး အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။

အခြေခံစားသောက်ကုန်များ ဈေးကျမှုရှိခဲ့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုအခြေခံလူတန်းစားအများစုမှာ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။