BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်

August 23, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• နတ်အိမ်တောင်လမ်းပိုင်းမှာဖမ်းမိတဲ့ MOGE အင်ဂျင်နီယာကို KNLA ထိန်းသိမ်းထားတဲ့အကြောင်း

• မြိတ် မင်းသန်းရွာမှာ ကွမ်းခြံလုပ်သားနှစ်ဦးကို စစ်မှုထမ်းခိုင်းဖို့ဆိုပြီး ဖမ်းဆီးတဲ့သတင်း

• ကလိန်အောင် ကော့လှိုင်ရွာနားမှာ တိုက်ပွဲထပ်ဖြစ်တဲ့ အခြေအနေ

• တနင်္သာရီ ကျေးရွာလေးရွာက စစ်ရှောင် ၃၀၀၀ ကျော် အမိုးအကာနဲ့ ရိက္ခာလိုအပ်နေတဲ့အကြောင်း

• ကျွန်းစု ပဲ့တိုင်ရွာက ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ်က ဒုတိယအကြိမ်ဝင်တိုက်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “လေကြောင်းရန်ကြား အသက်ကိုရင်းပြီး စာအံနေကြသူများ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။