BREAKING
October 30, 2025

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ဈေးငြိမ်နေပြီး အသားဈေးတက်

June 23, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေပြီး အသားဈေး အနည်းငယ်တက်လာသည်။

ဆန်ဈေးနှုန်းတို့သည် နှစ်ပတ်ဆက်တည် ငြိမ်နေခြင်း ဖြစ်သည်။

အသားဈေးကွက်တွင် ယခင်အပတ်က ကြက်သားတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်တက်သဖြင့် ယခုအပတ်တွင် ၁၂၀၀၀ ကျပ်ဈေးဖြစ်လာသည်။

ဝက်သားဈေးတွင် ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထပ်တက်သဖြင့် ယခုအပတ်တွင် ၁၉၀၀၀ ကျပ်နှုန်း ဖြစ်လာခဲ့သည်။

ကျန်သည့် စားသောက်ကုန် အများစုတို့၏ ဈေးနှုန်းပြောင်းလဲမှု မရှိခဲ့ပေ။