မန်ယူအသင်းသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် အဓိက, ကစားသမားအများအပြားကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နှင့်အတူ ကတ်စ်မဲရိုး၊ မက်ဂွိုင်းရား၊ လုခ်ရှော၊ အိုနားနား၊ ဂါနာချို၊ ဟွိုက်ဂျ်လန်းနှင့် ကိုဘီ မိုင်နူးတို့ကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်ပြီး ရတ်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ကိုလည်း ကြိုက်နှစ်သက်သောဈေးနှုန်းတစ်ရပ် ရရှိမည်ဆိုပါက ရောင်းထုတ်လိုက်ရန် မန်ယူက ဆုံးဖြတ်ထားပြီဖြစ်သည်။
မန်ယူနည်းပြ အေမိုရင် သည် နွေဈေးကွက်တွင် ၎င်းကြိုက်နှစ်သက်သောကစားသမားများကို ခေါ်ယူလိုပါက အသင်းအတွက် မလိုအပ်တော့သည့်ကစားသမားများကို ဦးစွာပထမ ရောင်းထုတ်ရလိမ့်မည်ဟု အသင်းရှယ်ယာရှင် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က အသိပေးထားပြီးဖြစ်သည်။
ယူရိုပါလိဂ်ဖိုင်နယ်တွင် စပါးကို အရေးနိမ့်လိုက်ရပြီးသည့်နောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရခြင်းကို ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပြီးသည့်နောက်၌ အသင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်ရန် နည်းပြ အေမိုရင်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု The Mirror က ဆိုသည်။
မန်ယူသည် လက်ရှိတွင် ထိပ်တန်းအဆင့် ကစားသမားများကိုခေါ်ယူနိုင်ရန် အလှမ်းဝေးကွာသွားခဲ့ပြီဖြစ်ပြီး နည်းပြ အေမိုရင် ခေါ်ယူလိုခဲ့သော ၎င်း၏တပည့်ဟောင်း စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကီရက်စ်မှာလည်း အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိရန် နီးစပ်နေပြီဖြစ်သည်။
Source – The Mirror