BREAKING
May 23, 2025

ယနေ့ ည ၁၀ နာရီခွဲခန့်တွင်ယှဉ်ပြိုင်မည့် One Friday Fights တွင် ဖလိုင်းဝိတ်တန်းကျိန်စာဆိုးကို အဲမွီ ချေဖျက်နိုင်ဖွယ်ရှိ

May 23, 2025

ယနေ့ည ကျင်းပမည့် One Friday Fights 109 ၏ဒုခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် မြန်မာဖိုက်တာ အဲမွီနှင့် ထိုင်းဖိုက်တာ ဝတ်သိခရိုင် တို့၏စိန်ခေါ်ပွဲကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲခန့်၌ ကြည့်ရှုရဖွယ်ရှိနေသည်။

အဲမွီနှင့် ဝတ်သီခရိုင်တို့၏ပွဲစဉ်သည် အချိန်အားဖြင့် အနည်းငယ် နောက်ကျဖွယ်ရှိနေပြီး ယခုပွဲစဉ်မှာ မြန်မာဖိုက်တာ အဲမွီအတွက် ONE ကစားသမားဘဝဖြတ်သန်းမှု ၅ ပွဲမြောက်ပွဲစဉ်ဖြစ်လာတော့မည်ဖြစ်သည်။

အဲမွီ သည် ONE ပြိုင်ပွဲတွင် ထိုင်းဖိုက်တာတစ်ဦးနှင့် ပထမဆုံးအကြိမ် စတင်ရင်ဆိုင်ရခြင်းဖြစ်ပြီး ယခုမတိုင်မီ အဲမွီ ရင်ဆိုင်ခဲ့ရသောဖိုက်တာ ၄ ဦး၌ ဂျပန်ဖိုက်တာ ၂ ဦး၊ ဂမ်ဘီယာ-ဆွစ်ဇာလန်နွယ်ဖွား ဖိုက်တာ ၁ ဦးနှင့် အစ္စရေး-အမေရိကန်နွယ်ဖွားဖိုက်တာ ၁ ဦးတို့ ပါဝင်ခဲ့သည်။

အဲမွီ သည် ဂျပန်ဖိုက်တာ ၂ ဦးကို အလဲထိုးဖြင့် အနိုင်ယူပြခဲ့ခြင်းဖြစ်ကာ ကျန် ၂ ပွဲတွင်မူ အမှတ်ဆုံးဖြတ်ချက်ဖြင့် အရေးနိမ့်ထားသည်။

အဲမွီ သည် မစ်ဒယ်ဝိတ်တန်းအဖြစ် ထိုးရသောပွဲ ၂ ပွဲ၌ အနိုင်ရရှိခဲ့ပြီး ဖလိုင်းဝိတ်တန်းပွဲအဖြစ် ယှဉ်ပြိုင်ရသောပွဲစဉ် ၂ ပွဲ၌ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကာ ယင်းအတွက် ယနေ့ညယှဉ်ပြိုင်ရမည့်ပွဲတွင် အဆိုပါ ဖလိုင်းဝိတ်တန်းကျိန်စာဆိုးကို အဲမွီက ချေဖျက်ပြရန် လိုအပ်နေပြီလည်းဖြစ်သည်။

ထိုင်းဖိုက်တာ ဝတ်သီခရိုင် သည် အဲမွီထက် အရပ်အားဖြင့် ၂ လက်မ ပိုမြင့်ပြီး ONE တွင် ၁ ပွဲထိုး၊ ၁ ပွဲနိုင် မှတ်တမ်းရရှိထားသောဖိုက်တာဖြစ်သည်။

Source – ONE Championship