ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကိုရိုနာဗိုင်းရပ်စ်တွေ့လူနာ ၄ ဦး ထပ်တိုး၊ စုစုပေါင်း ၁၂၇ ဦး

April 23, 2020

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီလ ၂၂ ရက်နေ့၊ ညတွင် (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၇၂ ခုအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ ၁၂၇ဦး ရှိပြီ ဖြစ်သည်။