Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ကမ်းနားလမ်းရှိ ဆီဘောကို စစ်ကော်မရှင်အဖွဲ့ဝင်စစ်ပြီး အကန့်အသတ်နဲ့ရောင်းဖို့ ဖိအားပေးတဲ့သတင်း
- နိုင်ကျဉ်းတွေကို နှိပ်စက်စစ်ဆေးတဲ့ရဲတစ်ဦး ဖမ်းထားချိန်ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်လို့ ဒူရကစစ်ကြောင်း ပြောတဲ့အကြောင်း
- ဒီဇယ်ဆီတက်လာလို့ သိန္ဓောရွာမှာ ခဲတူးဖော်နေတဲ့စက်တွေ ရပ်ထားရတဲ့အကြောင်း
- တရားမဝင်လာတဲ့ မြန်မာတွေလိုက်ပါတဲ့ကား ထွက်ပြေးလို့တိမ်းမှောက်ပြီး ၁၀ ကျော် ဖမ်းဆီးခံရတဲ့အခြေအနေ
- စစ်အာဏာရှင်တပ်လက်နက်ကြီးကြောင့် ရေဖြူမြို့နယ် ရာဖူးရွာက သားအဖနှစ်ဦးသေပြီး သားအမိနှစ်ဦး ဒဏ်ရာရစတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






