Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့နယ် သင်းကျွန်းရွာမှာ မှတ်ပုံတင်မလဲလို့ဆိုပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းက ငွေညှစ်တဲ့သတင်း
- လောင်းလုံးမြို့နယ် စခန်းကြီးရွာမှာ ကလေးတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတဲ့အကြောင်း
- စျေးကွက်အဝယ်မရှိလို့ ဂွေးခြောက်လုပ်သူနည်းလာတဲ့အခြေအနေ
- ပလောက်မြို့မှာ ကုန်စုံဆိုင်တစ်ဆိုင်နဲ့ နေအိမ်တစ်လုံးမီးလောင်တဲ့သတင်း
- ထိုင်းမှာ အခုလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၀၀၀ ကျော် ဖမ်းဆီးခံရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






