BREAKING
October 19, 2025

ပရိသတ်တွေမျှော်စောင့်နေတဲ့နိုင်ပွဲကို မန်ယူ အရယူပြပါလိမ့်မယ်

December 22, 2024

မန်ယူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၃ နေရာဆီ ရောက်နေသလို ခရာဘောင်းဖလားပြိုင်ပွဲကလည်း ထွက်လိုက်ရပါပြီ။ ဒီညမှာတော့ ဘုန်းမောက်ကို မန်ယူ ရင်ဆိုင်ရပါတော့မယ်။ မန်ယူဟာ အသင်းဟန်ချက်ကို တစ်ဆင့်ချင်းအလိုက် ပြန်တည်ဆောက်နေရဆဲပါပဲ။

အထူးသဖြင့် ခံစစ်ကြောင်းပွင့်ထွက်လွန်းနေတာက မန်ယူအတွက် ထိုးနှက်ချက်ဖြစ်လို့နေပါတယ်။ ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူကို နှစ်ကျော့လုံး ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့အသင်းပါ။ မန်ယူရဲ့အိမ်ကွင်းဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်မှာဆိုရင် ဘုန်းမောက်က ၃ ဂိုး ဂိုးမရှိနဲ့တောင် နိုင်သွားခဲ့ပါသေးတယ်။

ဒီညမှာ အဲ့ဒီရှုံးကြွေးကို မန်ယူ ပြန်ဆပ်နိုင်လေမလားဆိုတာ စောင့်ကြည့်ရင်ခုန်ရပါလိမ့်မယ်။