BREAKING
November 10, 2025

ထိုင်းတောင်ပိုင်း စူရတ်မြို့တွင် ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင်ပြ

October 22, 2023

ဒါရိုက်တာ ကိုပေါက်အကြောင်း ရိုက်ကူးထားသည့် ‘ရောင်နီလာရာလမ်း’ မှတ်တမ်းရုပ်ရှင်အား ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့က ပြသသည်။

‘ရောင်နီလာရာလမ်း’ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာကိုပေါက်၏ ခွင့်ပြုချက်ဖြင့် စူရတ်မြို့ စစ်တပ်ကွင်းအရှေ့ရှိ မင်္ဂလာခန်းမတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပြသနေသည်။

ယင်းမှတ်တမ်းရုပ်ရှင်မှာ ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။