ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ စစ်မှုထမ်းဟောင်းအိမ်ရာအနီး အမျိုးသားအလောင်းတွေ့

September 22, 2025

ပုံစာ - အမျိုးသားရုပ်အလောင်းကိုလာရောက်သယ်ဆောင်သည့် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ်များ။ ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

ထားဝယ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာအနီး ကမ်းနားလမ်းတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခန့်က အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း မြို့ခံများနှင့် အလောင်းကို သယ်ယူရာတွင် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

အဆိုပါအမျိုးသားမှာ ထားဝယ်မြို့ ဥသာရံရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီး ကမ်းနားလမ်းရှိ အလုပ်ရုံနံဘေး တဲအိမ်တွင် သေဆုံးနေခြင်းကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးသူအမျိုးသားတစ်ဦးက ပြောသည်။

“တဲအိမ်မှာပဲ ထိုင်လျက် သေနေတယ်။ အလောင်းမှာ ဘာဒဏ်ရာဒဏ်ချက်မျိုးမှ မတွေ့ရဘူး။ အစာပြတ်လို့သေတယ် လို့ ထင်တယ်” ဟု အလောင်းကို သယ်ယူရာတွင် ကူညီဆောင်ရွက်ပေးသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ယခု သေဆုံးသူသည် စိတ်ဝေဒနာခံစားနေရသူဖြစ်သည်ဟု မြိုခံအချို့က ပြောဆိုနေကြပြီး သေဆုံးရသည့် အကြောင်းအရင်းနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်သည်တို့ကိုမူ Dawei Watch အနေဖြင့် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထာဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံထံမှ သိရသည်။