ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၁၉၆၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလအစည်းအဝေးသို့ ဆီးရီးယားခေါင်းဆောင်တက်မည်

September 22, 2025

ပုံစာ - ဆီးရီးယားကြားကာလသမ္မတအာမက်အယ်ရှာရာအား ယခုနှစ် မေလက ဆီးရီးယားနိုင်ငံ ၊ အလက်ပိုမြို့မှ အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Khalil Ashawi

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအစည်းအဝေးသို့ ဆီးရီးယားသမ္မတတစ်ဦး ပါဝင်တက်ရောက်လာခြင်း ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကြေညာသည်။

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ယခင်က အယ်ကိုင်းဒါးအဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်ဖြစ်ဖူးပြီး ၎င်း၏ ဦးခေါင်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေ အထုတ်ခံရဖူးသူ ဖြစ်သည်။

အာမက်အယ်လ်ရှာရာသည် ယခုနှစ် မေလက ဆော်ဒီနိုင်ငံ ၊ ရီယာ့ဒ်မြို့မှ ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သံတမန်ရေးအရ အဓိကအောင်မြင်မှုတစ်ခု ရရှိခဲ့သည်။

ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအများစုကို အမေရိကန်အစိုးရက ဖယ်ရှားပေးခဲ့သည်။

ဆီးရီးယားနိုင်ငံကို ပြန်လည်စုစည်းတည်ငြိမ်အောင် လုပ်မည့် အာမက်အယ်ရှာရာအစိုးရ၏ အားထုတ်မှုများကို ထောက်ခံအားပေးကြောင့် ထရမ့်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆီးရီးယားကြားကာလသမ္မတအာမက်အယ်ရှာရာသည် အင်္ဂါနေ့တွင် စတင်မည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၎င်း၏ ပထမဆုံးမိန့်ခွန်းကို ပြောကြားသွားဖွယ် ရှိသည်။

Source: Reuters