ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Hacker တွေအန္တရာယ်ကြောင့် အကောင့်ဖျက်ထားတဲ့ ဂျိုရှူအာဗန် Facebook Page အသစ် ပြန်ဖွင့်ပြီဟုဆို

September 22, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ Facebook Page အသစ် ဖွင့်လိုက်ပြီဖြစ်ပါတယ်။

Page အသစ်မှာ ဂျိုရှူအာဗန်က Reels ဗီဒီယိုဖိုင် လွှင့်တင်ပြီး “ဒါဟာ သူ့ရဲ့ Facebook Page အသစ်ဖြစ်တယ်၊ Facebook ဆီကို သူ ပြန်လာပြီ။ ချစ်ခင်အားပေးသူတွေ၊ ပရိသတ်တွေက Follow လုပ်ထားပေးပါဦး”လို့ ဂျိုရှူအာဗန်က ဖိတ်ခေါ်သွားခဲ့ပါတယ်။

ဂျိုရှူအာဗန်ဟာ အခုမတိုင်ခင် Facebook Page နှစ်ကြိမ် ဖွင့်လှစ်အသုံးပြုခဲ့ပေမယ့် Hacker တွေရဲ့အန္တရာယ်ကြောင့် အဲ့ဒီ Page နှစ်ခုလုံးကို သူက ဖြုတ်ချဖျက်သိမ်းခဲ့ရပါတယ်။ အခုတစ်ကြိမ်ကတော့ ဂျိုရှူအာဗန်ရဲ့ တတိယအကြိမ်မြောက်အဖြစ် Facebook Page ဖွင့်လှစ်ခြင်းပါပဲ။

သူတို့နှစ်ယောက်ရဲ့ပွဲစဉ်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ရောက်ရင်ကျင်းပမယ့် UFC 323 ပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာ ပါဝင်လာလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ UFC ဘက်ကတော့ ပွဲထိုးရမယ့်ရက်ကို တရားဝင်အတည်ပြုချက်တော့ မထုတ်ပြန်သေးပါဘူး။