BREAKING
October 19, 2025

ဘန်းချောင်းဒေသကိစ္စ ဒေသအစိုးရကို ပြည်ထောင်စုအစိုးရနိုင်စားသလော

August 22, 2020

သဘာဝတောကြီးအတိုင်း ရှိနေသေးတဲ့ ဘန်းချောင်းဒေသမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦီးကို နှစ်ရှည်သီနှံပင်နဲ့ ရာဘာစိုက်ပျိုးဖို့အတွက်ဆိုပြီး မြေဧက ၃၀၀ ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးလိုက်ပါတယ်။

တိုင်းအစိုးရကတော့ အဲဒီနေရာဟာ သဘာဝသစ်တောကောင်းတဲ့နေရာဖြစ်တာကြောင့် ခွင့်ပြုချက်မပေးဖို့ သဘေားထားမှတ်ချက်ပေးထားတဲ့ကြားက ပြည်ထာင်စုကနေ ခွင့်ပြုချက်ပေးလိုက်တာပါ။

ကရင်အမျိုးသားစည်းရုံး(KNU) ဘက်ကလည်း ဘန်းချောင်းဒေသမှာ နှစ်ရှည်ပင်နဲ့ ရာဘာပင်စိုက်ဖို့လုပ်နေတာကို ကန့်ကွက်ထားပါတယ်။

သဘာဝပန်ဝန်ကျင်းအရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေကတော့ ဘန်းချောင်းဒေသဟာ ဇီဝမျိုးစုံ၊ မျိုးကွဲများစွာရှိနေတာရယ်၊ တနင်္သာရီမြစ်အတွက် အရမ်းအရေးပါတဲ့ ရေဝေ၊ ရေလဲ ဒေသဖြစ်တာရယ်၊ မျိုးတုန်းလုနီး တောရိုင်းတိရိစ္ဆာန်တွေ ရှိနေနေသေးတာရယ် စတဲ့ အချက်တွေကြောင့် ဘန်းချောင်းဒေသကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။

အဲဒီအကြောင်းကို Dawei Watch တင်ဆက်လိုက်ပေးလိုက်ပါတယ်။