BREAKING
October 18, 2025

စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် မ၀တ်ရည်အောင်၏ စျာပန

July 22, 2025

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

အင်းစိန်ထောင်အတွင်း အကျဥ်းကျခံနေရသည့် မဝတ်ရည်အောင်သည် အရေးပေါ်ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်ထောင်မှ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း ဇူလိုင်လ ၂၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကွယ်လွန်ခဲ့သည်။

အသက် ၂၆ နှစ်အရွယ် မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရသည်။

အဖမ်းခံရပြီးနောက် စစ်ကြောရေးတွင် အပြင်းအထန် နှိပ်စက်ခံရမှုများကြောင့် ဦးနှောက်တွင် အကျိတ်တည်သွားပြီး တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်း မကြာခဏ ဖြစ်လေ့ရှိသော်လည်း စစ်ကောင်စီက မဝတ်ရည်အောင် သေဆုံးချိန်အထိ လုံလောက်သည့် ဆေးဝါးကုသမှု မပေးခဲ့ကြောင်း သိရသည်။