Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမှာ သားဆက်ခြားဆေးပြတ်ပြီး ဝယ်ရခက်နေတဲ့ အခြေအနေ
- တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတဲ့ အကြောင်း
- ကော့သောင်းမှာ မိုးသက်လေပြင်းကျပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတဲ့ သတင်း
- စပါးစိုက်ရာသီ လောင်းလုံးမှာ စပါးစျေး ထက်ဝက်နီးပါးကျတဲ့ အခြေအနေ
- မြိတ်မှာ ဝါးပလုတ်ဈေး နှစ်ဆနီးပါးတက်တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။