အမေရိကန်စစ်တပ်က အီရန်နိုင်ငံရှိ အဏုမြူစီမံကိန်းနေရာများကို စတင်တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးရေးသားလိုက်သည်။
စနေနေ့ တိုက်ခိုက်မှုသည် အမေရိကန်က အီရန်အပေါ် ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်မှု ဖြစ်သည်။
“အီရန်က ဖော်ဒို ၊ နေတန့်ဇ် ၊ အက်ရှ်ဖာဟန် အပါအဝင် အဏုမြူစီမံကိန်းနေရာ သုံးခုကို ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
အမေရိကန်၏ ပါဝင်တိုက်ခိုက်မှုသည် ဇွန်လ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့သည့် အစ္စရေးနှင့် အီရန်အကြား တိုက်ခိုက်မှုကို ပိုမိုဆိုးရွားလာစေပြီး ဒေသအတွင်း ပဋိပက္ခပိုမိုကျယ်ပြန့်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်လာစေသည်။
Source: NBC News