BREAKING
May 6, 2025

ဆန်စျေး ဆက်တိုက် ငြိမ်ပြီး ကြက်သွန်ငရုတ် စျေးကျသည့် ထားဝယ်စျေးကွက်

March 22, 2024

ထားဝယ်တွင် ဆန်စျေး ဆက်တိုက်ငြိမ်နေပြီးကြက်သွန် ၊ငရုတ်စျေး ကျလာသည်ကို တွေ့ရသည်။

ဆန်စျေးမှာ မတ်လ ၈ရက်နေ့ ကစပြီးဇယားပါ စျေး အတိုင်း ငြိမ်နေခြင်းဖြစ်သည်။

ကြက်သွန်နှင့် ငရုတ်စျေးမှာအနည်းငယ်ကျလာသည်။

ပြီးခဲ့သည့် အပတ်က ကြက်သွန် နီတစ်ပိဿာ ၃၃၀၀ကျပ်၊ငရုတ်ခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ယနေ့ ကြက်သွန်နီတစ်ပိဿာ ၃၂၀၀ကျပ် ၊ငရုတ်သီးခြောက် တစ်ပိဿာ ၁၁၀၀၀ကျပ် သို့​ကျဆင်းလာသည်။

တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာ ကျပ် တစ်ရာ စျေးကျပြီး ငရုတ်သီးခြောက် တစ်ပိဿာ ကျပ် တစ်ထောင် စျေးကျလာခြင်း ဖြစ်သည်။