BREAKING
December 3, 2025

ကိုယ့်ဖုန်းလုံခြုံရေး

March 22, 2022

အခုလို နည်းပညာ ခေတ်ကြီးမှာ လူမှုဘ၀ လုံခြုံရေးလို့ ပြောလိုက်ရင် ဒစ်ဂျစ်တယ်လုံခြုံရေးပါ တွဲပါလာပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀နဲ့ တစ်ထပ်တည်း ဖြစ်လာတဲ့ လက်ကိုင်ဖုန်း လုံခြုံရေးဟာ အရမ်းကို အရေးကြီးပါတယ်။

ဒီခေတ်မှာ ဖိနှိပ်လိုတဲ့ အာဏာပိုင်တွေ၊ ကိုယ့်အချက်အလက်တွေ ရယူပြီး စီးပွားရေး အကျိုးအမြတ်အတွက် အသုံးချလိုတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဟာ လူတစ်ဦးချင်းရဲ့ လက်ကိုင်ဖုန်းထဲက အချက်အလက်တွေကို ခြေရာခံတတ်ပါတယ်။

နောက်ပြီး ကိုယ့်ဖုန်းကို ရသွားသူ တစ်ယောက်ယောက်က လိမ်လည် ငွေတောင်းတာမျိုးတွေလည်း လုပ်တတ်ပါတယ်။ 

အဲဒါမျိုးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။ လူအသုံးများတဲ့ Android Version  ကို အခြေခံ တင်ပြထားပါတယ်။