BREAKING
October 21, 2025

အဖမ်းခံရသူ ၅၀ဝ ကျော်

February 22, 2021

အာဏာသိမ်းသည့် နေ့မှ ၁၈ ရက်အတွင်း တပ်အစိုးရမှ ဖမ်းဆီးခဲ့သူ ၅၂၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရသိရသည်။

ယင်းတို့တွင် ထောင်ဒဏ်ချခံထား ရသူ ၃ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံ ထားရသူ ၃၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၄၄ ဦး ရှိပြီး ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆိုခံထားရဆဲ ဖြစ်ကြောင်း ထိုအသင်းက ထုတ်ပြန်သည်။

အဖမ်းခံထားရသူများတွင် နိုင်ငံရေးသမားတို့ အပြင် သာမန်အရပ်သား များလည်း ပါဝင်သည်။ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့သေးသည်။