BREAKING
June 13, 2025

ရွှေပျံလွှားအဆင့်မြင့်သုံးဘီးမော်တော်ယာဉ်အသင်း စပြေးမည်

December 21, 2020

တယ်လီဖုန်းဖြင့် ခေါ်ဆိုချိတ်ဆက် နိုင်သည့် ရွှေပျံလွှား အဆင့်မြင့်သုံးဘီး မော်တော်ယာဉ်အသင်းကို ထားဝယ်နှင့် မြိတ်မြို့များတွင် ဇန်နဝါရီလဆန်းမှ စတင်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း Good Brothers ကုမ္ပဏီ၏ မန်နေဂျာ ဦးသူရလင်းထက်က ပြောကြားသည်။

ယင်းယာဉ်လိုင်းကို Good Brothers ကုမ္ပဏီမှ ဦးစီးထူထောင်ထားခြင်းဖြစ်ပြီး ထားဝယ်မြို့တွင် ၁၇ စီး၊ မြိတ်မြို့တွင် ၁၅ စီးဖြင့် စတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်၊ ရေရှည်ဝင်ငွေရရှိနိုင်ရန် ရည်ရွယ်၍ ထိုသို့စီစဉ်ခြင်းဖြစ်ပြီး အသင်းဝင်လိုပါက သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်ဟု ဆိုသည်။ ကနဦး ပြေးဆွဲရာတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ယူနိုင်ပြီး နောက်ပိုင်းတွင် အွန်လိုင်းဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း ဦးသူရလင်းထက်က ဆိုသည်။

သက်ဆိုင်ရာ မြို့များတွင် ဂိတ်နေရာ အတိအကျဖြင့် ပြေးဆွဲသွားရန် ရည်ရွယ်ထားပြီး လူစီး အဆင့်မြင့်သုံးဘီးမော်တော်ယာဉ်များ အသင်းဝင်နိုင်ကြောင်း ဦးသူရလင်းထက်က ပြောကြားသည်။

“Good Brothers မှ ဝယ်ယူတဲ့ သုံးဘီးမော်တော်ယာဉ်တွေဟာ ယာဉ်လိုင်းတစ်ပါတည်း ပါဝင်ပါ့မယ်” ဟု ၎င်းက ဆိုသည်။

အသင်းဝင်လိုသူများအနေဖြင့် ထားဝယ်ရုံး ဝ၉၄၅၇၁၆၈၈၉၅၊ မြိတ်ရုံး ဝ၉ ၅၆၄၁၆၀၉ နှင့် Hotline ဝ၉ ၄၅၇၁၈၆၂၅၁ များထံ ဆက်သွယ်နိုင် ကြောင်း Good Brothers ကုမ္ပဏီထံမှ သိရသည်။